အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ စွန်သိုက်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းလိုင်း လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ရာ ယမန်နေ့နံနက် ၁၀ နာရီက လုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Mar 14,2023
ပြင်ဦးလွင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံကော်ဖီအသင်း(ပြင်ဦးလွင်-နောင်ချို) အစုအဖွဲ့တို့ပူးပေါင်း၍ ဖွင့်လှစ်သည့် ကော်ဖီအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်(Bakery) အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၆/၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြင်ဦးလွင်မြို၊ ရပ်ကွက်ကြီး (၉)ရှိ ကော်ဖီဥယျာဉ်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည် ။
Mar 14,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် တမ္ပ၀တီရပ်ကွက်၊ ၈၂ လမ်းရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲ(မန္တလေး)တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားနှင့် သရုပ်ပြခြင်း၊ လိုက်လံစစ်ဆေးခြင်း၊ အသိပညာ‌ပေး လက်ကမ်းစာ‌စောင်များဖြန့်ဝေခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 14,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အပျင်းပြေစေပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍
Mar 14,2023
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ ဆောင်းသီးနှံကုလားပဲများ စတင်ရိတ်သိမ်းပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
Mar 14,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတ္တရံမြစ်ကူး(စံပယ်ဂူ) တံတားချဥ်းကပ်လမ်းဖောက်လုပ်ရာ၌ လမ်းနယ်အတွင်းပါဝင်သည့် လယ်မြေ၊ ဥယာဥ်မြေ၊နှင့် အခြားနည်းအသုံးပြုခွင့်ရ မြေများအား မြေယာလျော်ကြေးငွေ ဒုတိယအကြိမ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁နာရီက ကျိုက်မရောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊(ရွှေဟင်္သာ)ခန်းမ၌  ပြုလုပ်သည်။