သံတောင်ကြီး မတ်၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဉယျာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများသည် မိမိတို့၏ ဉယျာဉ်ခြံများအတွင်းတွင် ကတက်ပင်များ စိုက်ပျိုးပြီး တစ်ချို့က တက်ပင်များမှာ သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသည်။ ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန် သင့်လျော်ပြီဖြစ်သည့် ပေါ်ဦးပေါ်ဖျား ကတက်ရွက်များကို ဒေသခံပြည်သူများက လိုက်လံဆွတ်ခူးကာ ကတက်ချဉ်များ ပြုလုပ်ရောင်းခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
အဆိုပါ သံတောင်ကြီးဒေသရှိ ကတက်ပင်များသည် အခြားသော နှစ်ရှည်ပင်များနှင့် ရောနှောစိုက်ပျိုးကြသာသာမက တစ်ချို့အပင်များမှာ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည်။ ယခုနွေရာသီ အချိန်တွင် ရာသီစာအရွက်ဖြစ်သည့် ကတက်ရွက်များကို ဆားရည်စိမ်ပြီး အချဉ်သိမ့်၍ သံတောင်ကြီးမြို့ပေါ်တွင်သာ ပြန်လည်ရောင်းချရာတွင် တစ်စီးကို ကျပ်(၅၀၀)မှ ကျပ်(၆၀၀)အထိ ရရှိသည့်အတွက် မိသားစု အပိုဝင်ငွေရရှိကြောင်း ကတက်ချဉ်ပြုလုပ်ရောင်းချသူ ဦးစောဟဲဝီးထံက သိရသည်။
နော်နော်မူ