ညောင်ဦး မတ် ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးသည့် မာလကာခြံ စိုက်တောင်သူများ တစ်ပိသာ ၁၂၀၀ ကျပ် ရောင်းချရခြင်းကြောင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း လက်ပံခြေပေါ်ကျေးရွာ မာလကာစိုက်တောင်သူ ဦးဝင်းမြင့်ထံက သိရသည်။
မာကာစိုက်ပျိုးကျေးရွာများဖြစ်သည့် အောက်ညဉ့်ကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ သစ်ထောင့်တောင်ကျေးရွာ၊ သစ်ထောင့်ကျွန်ကျေးရွာ၊ တောင်ဖက်ဝန်းကျေးရွာများသည် ထွက်ရှိ လာသည့် မာလကာသီးများအား ပခုက္ကူဈေးကွက်၊ ညောင်ဦးဈေးကွက်နှင့် မြင်းခြံဈေးကွက်သို့ သွားရောက်ရောင်းချကြကြောင်း၊ အချို့မာလကာသီးပွဲစားများ မာလကာခြံအထိ လာရောက် ဝယ်ယူကြခြင်းများလည်းရှိကြောင်း၊ မာလကာသီးတစ်ပိသာ ယခုနှစ် ၁၀၀၀ ကျပ် အောက်မကျပဲ မာလကာစိုက်တောင်သူများ မျှော်လင့်သည့် ဈေးနှုန်းဖြစ်ကြောင်းလည်း သိရသည်။ မာလ ကာစိုက်ရာတွင် ခြောက်လမာလကာသီးဟုဆိုသော်လည်း တစ်နှစ်ကျော်မှသာ အပွင့်ပွင့်၊ အ သီးသီးကြောင်း၊ မလကာတစ်ပင်နှင့်တစ်ပင် ငါးပေအကွာစိုက်ပျိုးကြပြီး၊ ရေအတွက် မြေအောက် အဝီစိရေတွင်းတူးပြီး ရေကို လိုအပ်သလို အသုံးပြုကြကြောင်း၊ မာလကာပင်များအသီးများလျှင် ကိုင်းများကျိုးစေရန်နှင့် မာလကာသီးများ သန်မာကြီးထွားစေရန်၊ အသီးများ ပြွတ်သိပ်မနေစေရန် ခူးခြွေပေးရကြောင်း၊ သို့မှသာ အလုံးထွားကာ ရောင်းပန်းလှပြီး အချိန်စီးကြောင်း သိရသည်။ မာလကာသီးများ အရွယ်ရောက်လာလျှင် အိတ်များဖြင့် မာလကာသီးတစ်လုံး တစ်အိတ်စွပ် ပေးရကြောင်း၊ သို့မှသာ ပိုးမထိုးခြင်း၊ လိပ်ပြာစုပ်ခြင်းများမှ ကာကွယ်နိုင်ရန် အိတ်စွပ်ပေးရခြင်းဖြစ်ကြောင်း သိရပြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ မြေအောက်ရေ သွင်းစိုက်ပျိုးသည့် မာလကာခြံများ အောင်မြင်ဖြစ်ထွန်းပြီး တစ်ပိသာ ၁၂၀၀ကျပ် ရောင်းချ ရခြင်းကြောင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း မာလကာစိုက်ပျိုး တောင်သူ ဦးပိုက်ထံက သိရသည်။
ဒီပါလင်း