ညောင်ဦး မတ် ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၊ ပုဂံမြို့ရှိ မြင်မြီးဖြင့် ပြုလုပ်သည့် (ရက်လုပ်) ယွန်းထည်လုပ်ငန်း ပျောက်ကွယ်နိုင်သည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း ပုဂံမြို့ မြင်းကပါ ကျေးရွာ ယွန်းထည်လုပ်ငန်းပိုင်ရှင် ဦးကိုကိုနိုင်ထံက သိရသည်။
ယွန်းထည်လုပ်ငန်းသည် ပုဂံမြို့၊ ညောင်ဦးမြို့တို့တွင် ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာ အစဉ်အဆက် လုပ်ကိုင်လာခဲ့ကြောင်း၊ ဝါးနှီးဖြင့်ရက်လုပ်သည့် ယွန်းထည်လုပ်ငန်းက စိုးရိမ်စရာမရှိပေမယ့် မြင်းမြီးဖြင့် ရက်လုပ်သည့် ယွန်းထည်လုပ်ငန်းမှာ သုံးဦး၊ လေးဦးသာ ကျန်ရှိ တော့ကြောင်း သိရသည်။ မြင်းမြီးဈေးနှုန်းကြီးမြင့်လာခြင်း၊ ယွန်းထည်ရောင်းချမှု မတွင်ကျယ်ခြင်းနှင့် ယွန်းထည်ရက်လုပ်ရာတွင် လက်ဝင်ခြင်းများကြောင့် မြင်းမြီးဖြင့် ပြုလုပ်သည့် ယွန်း ထည်လုပ်ငန်းများ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး လုံးဝပျောက်ကွယ်သွားနိုင်သည့်အခြေ အနေဖြစ်လာကြောင်းသိရသည်။ အရင်က ညောင်ဦးမြို့နယ်၊ ပုဂံမြို့ မင်းနန်သူကျေးရွာ၊ အရှေ့ ဖွားစောကျေးရွာ၊ အနောက်ဖွားစောကျေးရွာ၊ မြင်းကပါကျေးရွာတို့တွင် မြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်လုပ်ငန်း တွင်တွင်ကျယ်ကျယ် ပြုလုပ်ခဲ့ရာ ယခုအခါ အနောက်ဖွားစောကျေး ရွာတွင်ပင် တစ်ဦးထဲသာ ကျန်တော့ကြောင်း သိရသည်။ ယွန်းထည်ပြုလုပ်ရာတွင် တင်းဝါး ယွန်းထည်၊ သစ်သားယွန်းထည်၊ မြင်းမြီးယွန်းထည် သုံးမျိုးရှိကြောင်း မြင်းမြီးဖြင့်ပြုလုပ်သည့် ယွန်းထည်သည် လုပ်ရကိုင်ရတာလက်ဝင်ခြင်း၊ ပါးလွှာသည့် ဝါးနှီးဖြာလေးများကြားတွင် မြင်းမြီးတစ်ချောင်းစီထည့်ကာ အသေးစိတ်ရက်လုပ်ရကြောင်း၊ လေးလက်မခွက်တစ်လုံးရက်လုပ် လျှင်ပင် အချိန်တစ်နာရီခွဲခန့် ကြာမြင့်ကြောင်း၊ အဝိုင်းပုံ၊ အလုံးပုံ ယွန်းထည်များအား မြင်းမြီး ဖြင့်ရက်လုပ်ပြီး ထောင့်ချိုး၊ ထောင့်ကွေး ယွန်းထည်များအား မြင်းမြီးသုံး၍ မရက်လုပ်ကြောင်း ၊မြင်းမြီးနှင့်ရက်လုပ်သည့် ယွန်းထည်ပစ္စည်းများသည် ပျော့ပြောင်းကာ အရည်အသွေးအင် မတန်ကောင်းမွန်းကြောင်း၊ မြင်းမြီးတစ်ပိသာ ခုနှစ်သောင်းကျပ် ပေးဝယ်ရပြီး ရက်လုပ်ရာ တွင်ခက်ခဲပြီး လက်ဝင်သောကြောင့် မြင်းမြီးဖြင့်ရက်လုပ်သည့် ယွန်းထည်လုပ်ငန်း မရက်လုပ် ကြတော့ဘဲ တဖြည်းဖြည်းနှင့် လုံးဝပျောက်ကွယ်သွားမည်ကို စိုးရိမ်မိကြောင်း အနောက်ဖွား စောကျေးရွာ မြင်းမြီးဖြင့် ရက်လုပ်ယွန်းထည်လုပ်ငန်း လုပ်ကိုင်သည့် ဒေါ်စန်းစန်းအေးက ပြောကြားသည်။
ဒီပါလင်း