အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2023
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ Online Media မှတစ်ဆင့် အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် Talk Show အစီအစဥ်ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂ဝ၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေး ပွဲ ရူပဗေဒဘာသာရပ်ကို အထက-မဘိမ်းစာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဆက်လက်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဋိပထမပြန် စာမေးပွဲအောင်လက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွှဲ (၂) နာရီက ရွှေမုဋ္ဌောဘုရား နန်းအိမ်သူဓမ္မဗိမာန်၌ကျင်းပခဲ့ကြောင်း သိရသည်။
Mar 14,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် အကြောင်းကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍  အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
Mar 14,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက Mobile  Library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းခြင်းကို ယနေ့နံနက်(၁၁:၀၀)နာရီအချိန်က ဒိုက်ဦးမြို့၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးနှင့် မြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနရုံးများသို့ သွားရောက်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Mar 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှကြီးမှူး၍ မြို့အတွင်းရှိ လူငယ်/လူရွယ်များ အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ရည်ရွယ်၍ အိမ်တွင်းမှု လုပ်ငန်းတစ်ခုဖြစ်သည့် ဆံညှပ်ကလစ် ပြုလုပ်နည်းသင်တန်းကို ယမန်နေ့  ညနေ(၃)နာရီ အချိန်က လူထုအ ခြေပြုဗဟိုဌာန(Community  Centre) ခန်းမ၌ သင်ကြားပေးခဲ့သည်။
Mar 14,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်အနီးရှိ ကျေးရွာများမှ ကျောင်းသား/ သူများ နွေရာသီကျောင်းပိတ်ရက်တွင် ပြင်ပစာပေများကို လေ့လာနိုင်ရန်အတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့
Mar 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ရူပဗေဒဘာသာရပ်ကို တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။