အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2023
ရန်ကုန်တိုင်းဒသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောကျောင်းကျေးရွာအုပ်စု၊  ကမာကလွန်ကျေးရွာတွင် ယမန်နေ့က ကြက်မွေးမြူးရေးခြံများသို့  ကြက်ငှက်တုပ်ကွေးရောဂါ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 13,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ ခရီးသွားပြည်သူများသည် အဝေးပြေးမော်တော်ယာဉ်လိုင်း (၁၆) လိုင်းမှ မော်တော်ယာဉ်များ ပြေးဆွဲပေးလျက်ရှိသဖြင့် ခရီး သွားလာမှုအဆင်ပြေကြကြောင်း သိရသည်။
Mar 13,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကိုယ်ကာယကြံ့ခိုင်မှု အခြေခံ Fitness Dance သင်တန်းဖွင့်လှစ်သည်။
Mar 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ရာသီပေါ်ညောင်ချဉ်ဖူးများ ခူးဆွတ်ချိန်ရောက်၍ ညောင်ချဉ်ဖူးခူးဆွတ်ရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် ယမန်နေ့မွန်းလွဲပိုင်းက ငှက်ပေါက်ကျေးရွာအုပ်စု၊ ငှက်ပေါက်ကျေးရွာ ဒက္ခိဏာရုံ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နယက သက်တော်ရှည် ဆရာတော်ဘုရားကြီး ဥုးသောဘနအား ဖူးမျှော်ကြည်ညိုကာ  ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး နဝကမ္မ ဝတ္ထုငွေ၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် မိသားစုများက ဆပ်ကပ်လှူဒါန်းကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေးစက်သွန်းချအမျှပေးဝေခဲ့သည်။
Mar 13,2023
အများပြည်သူများ အသိပညာများ ပိုမိုရရှိကာ လေ့လာနိုင်ရန်အတွက် (online)မှတစ်ဆင့် အသိပညာလုပ်ငန်းများအဖြစ် တင်ပြဆွေးနွေးဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်က စာငှားစာဖတ်တိုးပွားရေး စည်းရုံးဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့်(talk  show)ပြုလုပ်ဆောင်ရွက်သည်။
Mar 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက် (၉)နာရီက စတင်ဖြေလျက်ရှိရာ သီပေါမြို့နယ်အတွင်းရှိ သတ်မှတ်စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။