ပြည်ကြီးမဏ္ဍိုင် မတ် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှကြီးမှူး၍ မြို့အတွင်းရှိ လူငယ်/လူရွယ်များ အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ရည်ရွယ်၍ အိမ်တွင်းမှု လုပ်ငန်းတစ်ခုဖြစ်သည့် ဆံညှပ်ကလစ် ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က လူထုအ ခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ သင်ကြားပေးခဲ့သည်။
ရှေးဦးစွာ သင်တန်းတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက လူငယ်များ တန်ဖိုးရှိသည့် အချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေနိုင်ရေးနှင့် လူငယ်ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ယခုလိုအသက်မွေးဝမ်းကျောင်း ပညာရပ် အသီးသီးကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သင်တန်းပြီးစီးပါက လူငယ်များအတွက် အကျိုးရှိစေမည့် နောက် ထပ်အသက်မွေးဝမ်းကြောင်း လုပ်ငန်းပညာရပ်များကို ဆက်လက်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း အစရှိသည်တို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို မြို့အတွင်းရှိ လူငယ်/ လူရွယ်(၁၀)ဦး တက်ရောက်ကာ သင်တန်းသား/သင်တန်းသူ များကို မိမိတို့ဌာနမှ သင်ထောက်ကူ ပစ္စည်းများအား အခမဲ့ ထောက်ပံ့ပေးပြီး မတ်လ (၁၇) ရက်နေ့တွင်လည်း ပန်းစည်းပြုလုပ်နည်း သင်တန်းကို သင်ကြားပေးသွားမည်ဖြစ်သည်။
ကေခိုင်ဝင်း(ပြန်/ဆက်)