ဇေယျာသီရိ မတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်အနီးရှိ ကျေးရွာများမှ ကျောင်းသား/ သူများ နွေရာသီကျောင်းပိတ်ရက်တွင် ပြင်ပစာပေများကို လေ့လာနိုင်ရန်အတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ရွှေတွင်းကုန်းကျေးရွာသို့ သွားရောက် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် ဝန်ထမ်းများက ကျောင်းသား/ သူများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှု နိုင်ရေးရည်ရွယ်၍ ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား/ သူများနှင့် ကျေးရွာအတွင်းရှိ စာပေဝါ သနာရှင်များအတွက် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်းစသည့် စာအုပ်စာ စောင်ပေါင်း ၂၀၀ ကျော်ဖြင့် ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ဇေယျာမြေ)