ရန်ကုန် မတ် ၁၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ Online Media မှတစ်ဆင့် အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် Talk Show အစီအစဥ်ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် Talk Show အစီအစဥ်ကို ဆွေးနွေးရာ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေနှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်လဲ့လဲ့ဝင်းတို့က ယနေ့ခေတ်လူငယ်များအနေဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်ပြည့်မီ စေရေးအတွက် အဓိကလိုအပ်သည့် စာရိတ္တမဏ္ဍိုင်ကို ငယ်စဥ်အခါကပင် လေ့ကျင့်ပျိုး ထောင်ရန်လိုအပ်ကြောင်း၊ စာရိတ္တကောင်းမှသာ လူမှုပတ်ဝန်းကျင်တွင် လူအများ၏ အလေးထားယုံကြည်မှုကို ခံရနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် စာရိတ္တပျက်ယွင်းမှုကြောင့် လမ်းမှားရောက်ရသည့် လူငယ်များကို မိမိတို့အနေဖြင့် လမ်းမှန်ပေါ်သို့ ပြန်လည်ခေါ်ယူရန်လိုအပ်ကြောင်း စသည်ဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ Talk Show အစီအစဥ်ကို ပြည်သူများ Online မှကြည့်ရှုနိုင်စေရေးအတွက် ဒေါပုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ် ကြောင်းလည်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)