ဟိုပန် မတ် ၁၄
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်စာစစ်ဌာနတွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ရူပဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိပါသည်။
စာမေးပွဲတွင် ရူပဗေဒဘာသာရပ်၌ စာရင်းရှိ ကျား(၂၇)ဦး၊ မ(၃၁)ဦး၊ ပေါင်း(၅၈)ဦး၊ ဖြေဆိုသူ ကျား(၂၆)ဦး၊ မ(၂၇)ဦး၊ ပေါင်း(၅၃)ဦးဖြစ်ပြီး ပျက်ကွက်မှာ ကျား(၁)ဦး၊ မ(၄)ဦး၊ ပေါင်း(၅)ဦးဖြစ်ကာ ဖြေဆိုမှုအနေဖြင့် (၉၁.၃၈)ရာခိုင်နှုန်းဖြစ်ပါသည်။
ဟိုပန်မြို့နယ်တွင် အထက(ဟိုပန်) စာစစ်ဌာနတစ်ခုသာရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနက ဆေးခန်းဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)