နေပြည်တော် မတ် ၁၄
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယမန်နေ့က ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုခဲ့ကြသည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။
ရခိုင်ပြည်နယ်၏ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုကြရာတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၁၄) ဦး၊ ပျက်ကွက်သူ (၁၇၃) ဦးဖြစ်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၆.၅၆ ရာခိုင်နှုန်း၊ တောင်ပြိုလက်ဝဲ မြို့နယ်အတွင်းရှိ စာစစ်ဌာန (၁) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၈) ဦး၊ ပျက်ကွက်သူ (၇) ဦးဖြစ်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၄.၄၄ ရာခိုင်နှုန်း၊ မောင်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၂၉) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၄.၅၇ ရာခိုင်နှုန်း၊ မြေပုံမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၉၇) ဦး၊ ပျက်ကွက်သူ (၅၀) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၈.၈၁ ရာခိုင်နှုန်း၊ မာန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၃) ဦး၊ ပျက်ကွက်သူ (၂၃) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၈၃.၁ ရာခိုင်နှုန်း၊ ရသေ့တောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၆၁) ဦး၊ ပျက်ကွက်သူ (၆၄) ဦး၊ ဂွမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၆၈) ဦး၊ ပျက်ကွက်သူ (၁၂) ဦးဖြစ်သဖြင့် ဖြေဆိုသူ ၉၃.၃၃ ရာခိုင်နှုန်း၊ ငပလီမြို့အတွင်းရှိ စာစစ်ဌာန (၁) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၃) ဦး၊ ပျက်ကွက်သူ (၃) ဦး၊ တောင်ကုတ်မြို့အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၃၄) ဦး၊ ပျက်ကွက် (၇၅)ဦး၊ ကျိန္တလီမြို့အတွင်းရှိ အ.ထ.က(ကျိန္တလီ)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၀) ဦး၊ ပျက်ကွက် (၆) ဦး၊ မအီမြို့အတွင်းရှိ စာစစ်ဌာန(၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၂၆) ဦး၊ သံတွဲမြို့အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၃၈) ဦး၊ ပျက်ကွက် (၄၅) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၁ ရာခိုင်နှုန်း၊ မြောက်ဦးမြို့အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၇၉) ဦး၊ ပျက်ကွက် (၈၇) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၉.၉၅ ရာခိုင်နှုန်း၊ ရမ်းဗြဲမြို့အတွင်းရှိ အ.ထ.က(ရမ်းဗြဲ) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၈၄) ဦး၊ အမ်းမြို့အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၉၂) ဦး၊ ပျက်ကွက် (၄၁) ဦး၊ ပုဏ္ဏားကျွန်းမြို့အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၄၅၈) ဦး၊ ပျက်ကွက် (၈၆) ဦး၊ ကျောက်တော်မြို့အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၈၂၈) ဦး၊ ပေါက်တောမြို့အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၉၀) ဦးဖြစ်သဖြင့် ၈၅ ရာခိုင်နှုန်း၊ ကျောက်ဖြူမြို့အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၆၈) ဦးတို့၊ ပျက်ကွက် (၉၄) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၆.၁၀ ရာခိုင်နှုန်းတို့ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် စာစစ်ဌာနစုစုပေါင်း (၆၀) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။