အမြို့မြို့အနယ်နယ်သတင်းများ

Mar 20,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်  မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ကျင်းပခဲ့သည်။
Mar 20,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဆောင်ရွက်ထားရှိမှုများ မြို့နယ်အတွင်းသန့်ရှင်း၍ လှပစေရန် ဆောင်ရွက် ထားရှိမှုများအား မကွေးတိုင်း‌ဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်တွေ့ဆုံ၍ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က မြို့နယ်စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမဆောင်တွင် တွေ့ဆုံ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်ရွက်ပြီးစီးမှု များနှင့် စည်ပင်သာယာပန်းခြံအတွင်း ဆောင်ရွက် ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 20,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင်ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီးသိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်သင်ကြား​လျက်ရှိသည်။
Mar 20,2023
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်း(အခမဲ့)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ သည်။
Mar 20,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေနံနက် ၁၀ နာရီက ချမ်းသာကုန်းကျေးရွာအုပ်စု စိုက်ပျိုးရေးအထွက်တိုးစခန်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
Mar 20,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။