တပ်ကုန်းမြို့၌ ဒီဘင်္ဂရာစေတီတော်မြတ်အား ထုံးသင်္ကန်းဆက်ကပ်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်

တပ်ကုန်း မတ် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ညောင်ကိုင်းကျေးရွာအုပ်စု၊ ပင်သောင်ကျေးရွာအနီး၊ ဉာဏ်တော် (၁၉) ပေခန့်၊ လုံးပတ်တော်(၆၀)ပေခန့်ရှိ ဒီဘင်္ဂရာစေတီ တော်မြတ်အား ထုံးသင်္ကန်းဆက်ကပ်ခြင်းနှင့်ဘုရားဝန်းအတွင်း ချုံနွယ်၊ ပေါင်းမြက်သန့်ရှင်းရေး ကို မတ် ၁၉ရက် မွန်းလွဲပိုင်းက  စုပေါင်းဆောင်ရွက်ခဲ့သည် ။

အဆိုပါလုပ်ငန်းတွင် တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ ကိုနိုင်ရဲအောင်နှင့်သူငယ်ချင်းတစ်စုက ဦးဆောင်၍ ဒေသခံပြည်သူများပူးပေါင်းကာ ထုံးသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့်စုပေါင်းသန့် ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်