ဒိုက်ဦး မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဆွေသက်အောင်က ၂၀၂၃ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ဦးမြသိန်းဇော်(ပညာရေးငြိမ်း)က တပ်မတော်၏ သမိုင်းအကြောင်းအရာများ၊ တပ်မတော်နေ့ဖြစ်ပေါ်လာရပုံ အဆင့်ဆင့်၏အကြောင်းများ၊ ယနေ့အချိန်ကာလတွင် တပ်မတော်မှ တာဝန်ယူဆောင်ရွက်နေသည့် လူမှုရေး၊ စီးပွားရေး၊ တပ်မတော်နှင့်ပတ်သက်သောအကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးစသည့် အကြောင်းအရာများကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)