ရွှေကျင် မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးအတွက် မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ သွင်ပြင်လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လူမှုရေးဆိုင်ရာထိခိုက်မှုကိစ္စများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများရရှိမည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဆိုးကျိုးများအကြောင်းတို့ကို အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများ၏ သိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)