ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်း အခမဲ့ဖွင့်လှစ်

ကန့်ဘလူ မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်း(အခမဲ့) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပိတ်ရက်များကို အကျိုးရှိ စွာ အသုံးချပြီး အခြေခံအင်္ဂလိပ်စာ Grammar ရေးသားနည်းများကို ပိုမိုနားလည်သဘောပေါက် စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ နားမလည်သည်များရှိပါက မေးမြန်းကြရန် လိုအပ် ကြောင်းနှင့် သေချာလေ့လာမှတ်သားကြရန်တို့ကို မှာကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာ ဦးအေးကို (အလက ချပ်ကုန်း ဒုတိယအလယ်တန်းပြ)က သင်တန်းတွင် သင်ကြား ပေးမည့် ဘာသာရပ်နှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းတွင် အခြေခံပညာကျောင်းများမှ သင်တန်းသား၊ ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ မတ် ၂၀ ရက်မှ ဧပြီ ၄ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)