ပေါင်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများပြုလုပ်

ပေါင်         မတ်        ၂၀

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပြိုင်ပွဲများပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက တပ်မတော်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက ပုံပြော၊ ဆေးရောင်ခြယ်၊ စစ်တုရင်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ  စသည်တို့အပြင်  နံရံကပ်စာစောင်များကိုလည်း ပျော်ရွှင်စွာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)