သာယာဝတီမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

သာယာဝတီ မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင်ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီးသိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်သင်ကြား​လျက်ရှိသည်။

အဆိုပါသင်တန်းကို သာယာဝတီပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌနတို့ပူးပေါင်းကာ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းတွင် သက်တန်းနည်းပြ အမက(မူလွန်)ရွာကြီးကုန်းကျောင်းမှ ‌ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က အခြေခံပန်းချီးရေးဆွဲနည်းကို  အခြေခံမှ စတင်ကာ စာတွေ့၊ လက်တွေ့သင်ကြားပေးသည်။

သင်တန်းသို့ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးအား  မတ်လ ၂၀ ရက်နေ့မှ (၂၄)ရက်နေ့ထိ စတင်ကာ နေ့စဥ် နံနက် ၁၀ နာရီမှ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ ဆက်)