အမြို့မြို့အနယ်နယ်သတင်းများ

Mar 19,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ ဆောင်းပါးရှင် ပေါက်ပေါက် Tin Htet Htet Zaw ရေးသားသည့် တပေါင်းလရာသီ သရဖီပန်းနှင့် ကျန်းမာရေးအကြောင်းကို သိကောင်းစရာ အသိပညာပေး (Talk Show)အနေဖြင့် ယနေ့နေ့လယ်ပိုင်းကမအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Mar 19,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ပင်လယ်ကမ်းခြေသန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ယနေ့နံနက်ပိုင်းက အဆိုပါပင်လယ်ကမ်းခြေတစ်လျှောက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သည်။
Mar 19,2023
လေပြင်းဘေးဒဏ်ခံနိုင်သော အိုးအိမ်များဖြစ်လာစေရန်အတွက် လေပြင်းဘေးဖြစ်ပွားနိုင်ခြေရှိသည့် ကျေးရွာများသို့သွားရောက်ကာ နေအိမ်များ ပြန်လည်ပြင်ဆင်ရန် အခက်အခဲရှိနေသည့် အခြေခံလူတန်းစားမိသားစုဝင်များထံသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်လျက်ရှိသည်။
Mar 19,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီချိန်က ပြုလုပ်ခဲ့သည်။
Mar 19,2023
နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိကြသည်။
Mar 19,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့မမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် ဝါခရူကျေးရွာ မိခင်နှင့်က​လေးစောင့်ရှောက်ရေးအသင်းကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတို့ သင်ယူပြီးမြောက်ကြောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းးအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အောင်ဇေယျရပ်ကွက် ​မြို့မမိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သည်။
Mar 19,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ဖဒိုမူလတန်းကြိုကျောင်းတွင် မူလတန်းကြို ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲ အခမ်းနားကို မတ်လ ၁၇ ရက်နေ့က ကျင်းပကြောင်း သိရသည်။