Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒေသခံပြည်သူများ ဗဟုသုတတိုးတက်မြင့်မားရေးအတွက် mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်း
Mar 18,2023
နွေဦးပွင့်လင်းရာသီတွင် လူငယ်၊ လူရွယ်များနှင့် ဒေသခံပြည်သူများ အချိန်ကို အကျိုးရှိစွာအသုံးချပြီး စာအုပ်၊ စာစောင်များ လေ့လာဖတ်ရှုနိုင်ရန်၊ စာဖတ်ရှိန် တိုးတက်မြင့်မားလာစေရန်နှင့် အသိပညာ ဗဟုသုတ တိုးတက်မြင့်မားလာစေရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုး မြို့တွင် ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က မြို့အတွင်းရှိရပ်ကွက်များနှင့် ကျေးရွာများသို့ နယ်လှည့် ကွင်းဆင်းပြီး စာအုပ်၊ စာစောင်နှင့် သုတရသစာပေများကို အခမဲ့ငှားရမ်းပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၄-၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်အား ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 18,2023
ရခိုင်ပြည်နယ်၊ သံတွဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က အဆိုပါအဆောက်အဦ အနုပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၄၀)ဦးခန့် တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှေးခေတ် ကျေးလက်ဒေသ ရိုးရာဓလေ့သုံး နွားလှည်းယာဉ်များ ယခုခေတ်တွင်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေ
Mar 18,2023
ရှေးခေတ် ကျေးလက်ဒေသ ရိုးရာဓလေ့သုံး နွားလှည်းယဉ်များကို ယခုခေတ်တွင်လည်း ရှေးမူ၊ ရှေးဟန် မပျောက်စေဘဲ ဆရာတော် သံဃာတော် ပူဇော်ပွဲများ၊ အလှူပွဲများနှင့် အလှပြယဉ်များ၌ တွင်တွင်ကျယ်ကျယ်ဖြင့် ပြန်လည်အသုံးပြုနေ ကြပြန်သည်။
အပြည့်အစုံ ဖတ်ရန်
မန်းကျည်းသီး ခူးဆွတ်ပြီးချိန်၌ အသားထု အငှားလိုက်သူများ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေ
Mar 18,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် မန်းကျည်းသီးများခူးဆွတ်ပြီးချိန်တွင် မန်းကျည်းသီး လှောင်သူများမှ မိမိတို့ဝယ်ယူပြီး မန်းကျည်းသီးများကို အသားထုလှောင်ရန်အတွက် ငှားရန်းလာသောကြောင့် မန်းကျည်းသီး အသားထု အငှားလိုက်သူများ ပုံမှန်ဝင်ငွေ ရရှိကာ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံ English Speaking နှင့် Grammar သင်တန်းဖွင့်လှစ်
Mar 18,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံ English Speaking နှင့် Grammar သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် မောင်တောခရိုင်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့၌ နွေရာသီ (အခမဲ့) အခြေခံပန်းချီသင်တန်းဆင်းပွဲ ပြုလုပ်
Mar 18,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျောင်းသူလူငယ်များအတွက် နွေရာသီအားလပ်ရပ်အချိန်တွင် အကျိုးရှိစွာ အသုံးချနိုင်ရန် အတွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် နွေရာသီ(အခမဲ့) အခြေခံပန်းချီသင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ခရိုင်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယဥ်ကျေးမှုအစဉ်အလာကောင်းများ ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ…
Mar 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယဥ်ကျေးမှုအစဉ်အလာ ကောင်းများ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11910
Page
11911
Page
11912
Page
11913
Current page
11914
Page
11915
Page
11916
Page
11917
Page
11918
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department