ကျောက်တံခါးမြို့တွင် ဖဒိုမူလတန်းကြိုကျောင်းပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲ ကျင်းပ

ကျောက်တံခါး မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ဖဒိုမူလတန်းကြိုကျောင်းတွင် မူလတန်းကြို ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲ အခမ်းနားကို မတ်လ ၁၇ ရက်နေ့က ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်တံခါးမြို့နယ် လူမှုဝန်ထမ်းရုံး ဒုတိယဦးစီးမှူး ဒေါ်ဆုလပြည့်ဟန်က အဖွင့်အမှာစကားပြောကြားပြီး ဖဒိုမူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အက၊ အလှများဖြင့် ကပြဖျော်ဖြေပေးသည်။ ဆက်လက်ပြီး ဖဒို မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးတို့အား ကျောင်းဆင်းလက်မှတ်များကို လူမှုဝန်ထမ်းရုံး ဒုတိယဦးစီးမှူး ဒေါ်ဆုလပြည့်ဟန်၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ လူမှုဝန်ထမ်းရုံး ဒုတိယဦးစီးမှူး ဒေါ်ဆုလပြည့်ဟန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် မူလတန်းကြို ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)