ကြို့ပင်ကောက် မေ ၂၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင် မေလ ၂၀ ရက်နေ့က Grade-4 နှင့် Grade-5 ကျောင်းသား၊ကျောင်းသူများ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ကြို့ပင်ကောက်မြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းရှိ ပုံပြင်စာအုပ်များအား စိတ်တိုင်းကျ ရွေးချယ်ဖတ်ရှု့ပြီး ပုံပြင်ပြောပြိုင်ခြင်း အစီအစဉ်အား ပြုလုပ်ခဲ့ရာ ကျောင်းသားကျောင်းသူလေးများ စိတ်ပါဝင်စားစွာဖတ်ရှု့ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးနှင့်တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center တွင် အသိပညာပေးဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများ၊ သင်တန်းများဖွင့်လှစ်၍ အသိပညာပေး လုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးထံမှ သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)