အမြို့မြို့အနယ်နယ်သတင်းများ

Mar 21,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်း၊ အထက်တန်းဆင့် သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို အ.ထ.က(ကံမ)မြ၀တီခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Mar 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၃၃)အုပ်စုတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စာ(၈၇၃)ဦး နေထိုင်လျက်ရှိရာ ဝန်ထမ်း (ပင်စင်စား) များ၏ မတ်လအတွက်
Mar 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်ကစ၍ အငြိမ်းစားပင်စင်ငွေများထုတ်ပေးလျက်ရှိရာ ပင်စင်ထုတ်ယူသူများမှ စနစ်တကျ အေးချမ်းစွာ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
Mar 21,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကျောင်းပိတ်သော နွေရာသီကာလရောက်ရှိပြီဖြစ်၍ ကျောင်းနေအရွယ်ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်၊ ဗုဒ္ဓစာပေနှင့် အကျွမ်းတဝင်ရှိစေရန် ရည်ရွယ်၍ မြောက်ကုန်းရပ်ကွက် သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က စတင်ဖွင့်လှစ်ခဲ့သည်။
Mar 21,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်စာငှားလာရောက်သည့် ဒေသခံပြည်သူများနှင့် သင်တန်းသား/သူ၊ လူငယ်၊ လူရွယ်များ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးရှေ့တွင် ဗီနိုင်းပိုစတာများဖြင့် ပြသဆောင်ရွက်ခဲ့သည်။
Mar 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်းတွင် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား/သူလူငယ်လေးများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 21,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့တွင် တောင်ပေါ်ဒေသ သစ်တောများ၌ အလေ့ကျ ပေါက်ရောက်သည့် တံမြက်စည်းပင်များအား ခုတ်ယူပြီး တံမြက်စည်းပြုလုပ်ရောင်းချခြင်းဖြင့် ဒေသခံပြည်သူများ တဖက်တလမ်းမှ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။