နတ်မောက် မတ် ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်စာငှားလာရောက်သည့် ဒေသခံပြည်သူများနှင့် သင်တန်းသား/သူ၊ လူငယ်၊ လူရွယ်များ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးရှေ့တွင် ဗီနိုင်းပိုစတာများဖြင့် ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြသဆောင်ရွက်ရာတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်တွင် ပါဝင်သည့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးသူငယ်ဘဝဘေးကင်းလုံခြုံရေး၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်စာစောင်များစသည့် အသိပညာပေးဗီနိုင်းများနှင့်အတူ လူငယ်များအတွက် စိတ်ကိုမူးယစ်ထုံထိုင်းစေသည့် ရှောင်လေဝေးဝေးမူးယစ်ဆေး အသိပညာပေးဗီနိုင်းများကိုပြသခဲ့ရာ မြို့ပေါ်ရပ်ကွက်ရှိ စာဖတ်စာငှားလာသူများ၊ သင်တန်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
လှဝင်း