မိုးနဲမြို့နယ်၌ ပင်စင်လစာငွေများ စတင်ထုတ်ပေး

မိုးနဲ မတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်ကစ၍ အငြိမ်းစားပင်စင်ငွေများထုတ်ပေးလျက်ရှိရာ ပင်စင်ထုတ်ယူသူများမှ စနစ်တကျ အေးချမ်းစွာ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

ပင်စင်ငွေများကို လစဉ်နိုင်ငံ့ဝန်ထမ်းလစာငွေများ မထုတ်ပေးမီ ၂၁ ရက်နေ့နှင့်နောက်ပိုင်း ထုတ်ဝေပေးလျက်ရှိကြောင်း၊ ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များ၌ နံနက် ၈ နာရီခွဲအချိန်တွင် စတင်ထုတ်ပေးကြောင်း၊ မိုးနဲမြို့နယ်တွင် လာရောက်ထုတ်ယူသည့် ပင်စင်အမျိုးအစား (၄)မျိုးရှိကြောင်း၊ ယနေ့တွင် ကာကွယ်ရေးပင်စင်စားများမှအပ ကျန်(၃)မျိုးမှ လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ လာရောက်ထုတ်ယူကြရာတွင် ဘဏ်မှထုတ်ပေးထားသည့် ထုတ်ယူခွင့်ကတ်ပြားများကို ယူဆောင်လာကြရမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်မလာရောက်နိုင်ပါက မိမိဆွေမျိုးသားချင်းများအား ကိုယ်စာလှယ်လွှဲစာပေး၍ ကိုယ်စာလှယ်ဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားစုစုပေါင်း ၃၄၃ ဦးရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)