ဂန့်ဂေါမြို့တွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ဂန့်ဂေါ မတ် ၂၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကျောင်းပိတ်သော နွေရာသီကာလရောက်ရှိပြီဖြစ်၍ ကျောင်းနေအရွယ်ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်၊ ဗုဒ္ဓစာပေနှင့် အကျွမ်းတဝင်ရှိစေရန် ရည်ရွယ်၍ မြောက်ကုန်းရပ်ကွက် သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၏ လမ်းညွှန်မှုဖြင့် ခရိုင်သာသနာရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်မော်နှင့် ဒေဝမုနိဓမ္မစကူးဥက္ကဋ္ဌ ဦးအောင်စိုးမင်းတို့က ဦးဆောင်၍ သင်ကြားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းသင်တန်းကို မတ်လ(၂၀) ရက်မှ ဧပြီ (၇) ရက်နေ့အထိ နည်းပြဆရာ(၃)ဦးဖြင့် သင်ကြား သွားမည်ဖြစ်ပြီး ယနေ့အချိန်ထိ သင်တန်းသား၊ သင်တန်းသူ (၉၁)ဦးရှိကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)