အမြို့မြို့အနယ်နယ်သတင်းများ

Mar 21,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်လှိုဏ်ဂူတော်အတွင်း၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်  အဆိုပါ စေတီတော် လှိုဏ်ဂူတော်ကြီးအတွင်း၌ ပြုလုပ်ခဲ့သည်။
Mar 21,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
Mar 21,2023
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ သင်ရိုးသစ်အကောင်အထည်ဖော်ရေး အစီအစဉ်အရ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (ခရိုင်အဆင့်) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။
Mar 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့် ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီက လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်း  ပတ္တမြားခန်း မ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင် လစာငွေများကို လစဉ်ပုံမှန်ထုတ်ပေး လျက်ရှိသည်။
Mar 21,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၆ နာရီမှ စတင်၍ ထုတ်ပေးလျက်ရှိရာ  ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Mar 21,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မတ်လ ၁၉ ရက်နေ့နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် မလွန်ကျေးရွာ၊ ကဒကျေးရွာနှင့် ရေခါးကျေးရွာများမှ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၃၅)လုံးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ယမန်နေ့နေ့လယ်(၂)နာရီက မလွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးခဲ့သည်။
Mar 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) Community Centre ခန်းမ၌ နွေရာသီအခြေခံပန်းချီသင်တန်းကို ယမန်နေ့မွန်းလွဲအချိန်က  စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။