Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ပထမနေ့ပင်စင်လစာများ ထုတ်ပေး
Mar 21,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံဝန်ထမ်းအငြိမ်းစား သက်ကြီးဘိုးဘွားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပထမနေ့အဖြစ် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ဆင်း၍ သုတ/ရသ စာအုပ် စာစောင်များ ငှားရမ်းပေး
Mar 21,2023
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယမန်နေ့နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ်စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ ကွင်းဆင်း ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဏ္ဏားကျွန်းမြို့နယ်၌ ဆောင်းနေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကွင်းသရုပ်ပြပွဲ ကျင်းပ
Mar 21,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံး ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ကွင်းသရုပ်ပြပွဲကို ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့နယ်၊ ပခွက်ဆိပ်ကျေးရွာအုပ်စု၊ မော်ရွာကျေးရွာ၌ တောင်သူ ဦးဘသိန်း၏ ဆောင်းနေကြာစိုက်ခင်း (၁၀.၀၀)ဧကတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပ
Mar 21,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ခရိုင်အဆင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ
Mar 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံအတွက်အရေးကြီးသော လူသားအရင်းအမြစ်များ အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်ကြားမှုသင်ယူမှုလုပ်ငန်းစဉ်နှင့် ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မတ်(၂၁)ရက် နံနက်(၉)နာရီက အမှတ်(၁) အခြေပညာအထက်တန်းကျောင်းတွင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ
Mar 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်လှစ်
Mar 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ဖွင့်လှစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Mar 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မအားကစားကွင်းတွင် ယမန်နေ့ညနေ (၃:၄၅)အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ မိုင်းတုံအခြေချ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦးနှင့် အဖွဲ့များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်နှင့် အဖွဲ့များ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11896
Page
11897
Page
11898
Page
11899
Current page
11900
Page
11901
Page
11902
Page
11903
Page
11904
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department