ထားဝယ် ဇူလိုင် ၄
တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နည်းပြ ဆရာဖြစ် သင်တန်းနှင့်ဆင့်ပွား(စက်ကိုင်) သင်တန်းများဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM)နည်းပြဆရာဖြစ်သင်တန်းနှင့်ဆင့်ပွား(စက်ကိုင်) သင်တန်းများ ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများကို (MEVM) စက်ကြီးကြပ်မှုကော်မတီအနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ဦးတည်ချက်(၅)ရပ်တွင် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရေး၊ နည်းလမ်းကျန မှန်ကန်သည့် အထွေထွေရွေးကောက်ပွဲဖြစ်စေရေးဆိုသည့် ရည်မှန်းချက်များကို ဖော်ပြထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းစဉ်များအောင်မြင်ရန် တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်မှုဆိုင်ရာ မြို့နယ်/ခရိုင် က တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ သက်ဆိုင်ရာဦးစီးရုံး ဌာနများအနေဖြင့် ညီညွတ်စွာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ (MEVM)စက်များ စနစ်တကျရှိစေရေး၊ပျက်စီးမှု မရှိစေရေး၊စနစ်တကျ ထိန်းသိမ်းကြည့်ရှုစစ်ဆေးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ (MEVM) နည်းပြဆရာ ဖြစ်သင်တန်း၊ ဆင့်ပွား(စက်ကိုင်)သင်တန်းများ ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲ လုပ်ငန်းမူဝါဒဆိုင်ရာ လမ်းညွှန်မှုများအား ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီအတွင်း အသုံးပြုမည့် မဲပေးစက်များသယ်ဆောင်၊ ရောက်ရှိ၊ ထိန်း သိမ်း၊ ထားသိုမှုများနှင့် တိုင်းဒေသကြီးမြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းတာဝန်များကို အတွင်းရေးမှူး၊ တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိက ရှင်းလင်းဆွေးနွေး တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မဲပေးစက်များထားသို လျက်ရှိသည့် အခြေအနေများ၊ မဲပေးစက်များအား စနစ်တကျ အသုံးပြုနိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်များအလိုက် နည်းပညာအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ မဲပေးစက်အသုံးပြုနည်းဆိုင်ရာ နည်းပြသင်တန်း၊ ဆင့်ပွား (စက်ကိုင်) သင်တန်းများ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)