ကျိုင်းတုံမြို့၌ ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြော

ကျိုင်းတုံ ဇူလိုင် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင်းမို့မို့လွင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပြုစုစောင့်ရှောက် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေး ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာန/အသင်း၊ အဖွဲ့များအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)