အိမ်မဲ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ဆက်လက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်၊ ကြက်ဥကုန်သည်များက တစ်ရက်လျှင် ဆန်တစ်ပြည်(၂၀၀၀)နှုန်းဖြင့် ဆန်အိတ် (၂၀)၊ ဆီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် ဆီ(၅၀)ပိဿာ၊ ကြက်ဥတစ်လုံးလျှင် (၃၅၀)ကျပ်နှုန်းဖြင့် ကြက်ဥအလုံး(၆၀၀)တို့ကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
ထိုကဲ့သို့ရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါရောင်းချမှုများကို တနင်္လါနေ့မှ သောကြာနေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ချစ်သက်လယ်
(အိမ်မဲ ပြန်/ဆက်)