တံတားဦး ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက အဆိုပါကျောင်း အလံရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆိုပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီချိုက ကျောင်းကောင်စီ ဖွဲ့စည်းတာဝန်ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်၊ ခံယူသည့်မူဝါဒ၊ ကတိသစ္စာ (၄) ချက်၊ အသင်းအမည်များနှင့် ကိုယ်စားပြု အလံအရောင်များစသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းကောင်စီအဖွဲ့၏ အမည်စာရင်းများ ကြေညာကာ ကျောင်းအုအ်ဆရာမကြီးက တာဝန်ပေးအထိမ်းအမှတ်အလံများအား အသင်းတာဝန်ခံဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်သည် ။
ထို့နောက် ကျောင်းကောင်စီကတိသစ္စာခံယူခြင်းအခမ်းအနားသို့ တက်ရောက်ကြသည့် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်သီချင်းအား စုပေါင်းပြီး သံပြိုင်သီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည် ။
ရဲတင့်(ပြန်/ဆက်)