လေးမျက်နှာမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပ

လေးမျက်နှာ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူဦးဌေးအောင်၏ လယ်မြေတွင် ယနေ့နံနက်ပိုင်း၌ စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်သော ၂၀၂၅ ခုနှစ် မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသန်းဦးက တက်ရောက်လာသူများအား KUBOTA (၆)တန်းသွား ကောက်စိုက်စက်ဖြင့် ယခုနှစ်မိုးရာသီတွင် လေးမျက်နှာမြို့နယ်အတွင်း မိုးစပါး(၃)ဧက စိုက်ပျိူးခြင်းဖြစ်ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသောစပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်း စသည့်အကျိူးကျေးဇူးများ ရရှိကြောင်း ရှင်းလင်းပြောကြားပြီး ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။

မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဌဦးငြိမ်းမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦး‌သန်းဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)