ကြံခင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များနှင့် လက်လီဆီအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကြံခင်း ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့မဈေးကြီးအတွင်း ကုန်စုံဆိုင်များ၊ ဆန်ဆိုင်များ၊ ဆေးဆိုင်များနှင့် လက်လီအရောင်းဆီဆိုင်များအား ယနေ့နံနက်ပိုင်းက မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်စစ်ဆေးရေးအရာရှိ ဦးကျော်နိုင်ဝင်း ဦးဆောင်၍ မြို့မဈေးတာဝန်ခံ ဦးတင်မောင်ဝင်းနှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးအောင်ကိုကိုဌေးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေး ဦးမျိုးသက်ထွန်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့မဈေးကြီးနှင့် ကုန်စုံဆိုင်များ တွင် အသင့်စားမုန့်(၃)မျိုး ရောင်းချမှုရှိ/မရှိ၊ ဆေးဆိုင်များ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ရောင်းချ ခြင်း၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ စားသောက်ဆိုင်များတွင် တာရှည်ခံဆေးဝါးများ အသုံးပြုမှုရှိ/မရှိ၊ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ၌ ကုန်အညွှန်း တံဆိပ်ပါ/မပါ၊ တားမြစ် အချိုရည်များရောင်းချမှု ရှိ/မရှိ၊ ဆန်ဆိုင်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်း(MRF) ထုတ်ပြန် ထားသော ဈေးနှုန်းထက်ကျော်လွန် ရောင်းချမှု ရှိ/မရှိ၊ စားအုန်းဆီ လက်လီရောင်းချသော ဆိုင်များ တွင် နေ့စဉ်မှတ်တမ်းထားရှိမှုနှင့် သတ်မှတ်ဈေးနှုန်းများနှင့် ရောင်းချမှု ရှိ/မရှိ တို့ကို ရှောင်တခင် စစ်ဆေးခဲ့ကြပြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်ပါရှိ‌ သော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်၊ တားမြစ်ထားသည့် ကုန်ပစ္စည်းများအား ရောင်းချခြင်း မပြုကြရန် အရောင်းဆိုင်များနှင့် လုပ်ငန်းရှင်များအား ဟောပြောဆွေးနွေးပေးခဲ့ကြကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာန သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)