၁၀၃ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေတ္တာမွန် ငွေစုငွေချေး သမဝါယမအသင်း စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ် ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကြို့ပင်ကောက် ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ၁၀၃ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေတ္တာမွန်ငွေစုငွေချေးသမဝါယမအသင်း စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မေတ္တာမွန်ငွေစု‌ငွေချေး သမဝါယမအသင်းဥက္ကဋ္ဌမှ အသင်းဆိုင်ရာကိစ္စရပ်များ ရှေးလုပ်ငန်းစဉ်များကို အဖွင့်အမှာစကားပြောကြားပြီး  ၁၀၃ နှစ် မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မေတ္တာမွန်ငွေစုငွေချေး သမဝါယမအသင်း စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများ ပေးအပ်ခြင်းအခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

မေတ္တာမွန် ငွေစုငွေချေသမဝါယမအသင်းသည် ၁၉၉၃ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ရာ ယနေ့အချိန်တွင် အသင်းသားစုစု ပေါင်း ၁၄ ဦး၊ မတည်ရင်းနှီး ငွေ ၃၂ သိန်းကျာ် ဖြင့် လည်ပတ်လျက်ရှိရာ မေတ္တာမွန် ငွေစု ငွေချေး သမဝါယမအသင်းသား များ၏ စုဆောင်းငွေအပေါ်ရရှိမည့် အတိုးနှင့် အစုအပေါ်အမြတ်ငွေတို့ကို အသင်းသားများအား စနစ်တကျခွဲဝေပေးခဲ့သည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)