မြဝတီ ဇူလိုင် ၄
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ မြို့နယ်ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု ဝင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံး၊ အထကဝါးတော၊ အထက(ခွဲ) ရေပူ၊ စောနေစိုးမြ(မူလွန်)ကျောင်းတို့၌ ဆောင်ရွက်သည်။
ထိုသို့ ထိုးနှံဆောင်ရွက်ပေးရာတွင် မြဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဝင်း၏ ဦးဆောင်မှုဖြင့်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသူ တစ်ဦးချင်း၏ အချက်အလက်များကောက်ယူ၍ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်(၂၁၁)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရိုင်/ပြန်ဆက်