သာစည် ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ပြည်သူများ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိရေးအတွက် ဧပြီ ၁၁ ရက်က စတင်၍ အပတ်စဉ်သောကြာနေ့တိုင်း ပြည်သူ့သက်သာဈေး ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကိုကိုကျော်ထံက သိရသည်။
ထိုသို့ရောင်းချပေးလျက်ရှိရာတွင် ဇူလိုင် ၄ ရက်နံနက် ၇ နာရီက အခြေခံစားသောက်ကုန်းများနှင့်အတူ အမဲသားတစ်ပိဿာလျှင်ငွေကျပ် ၂၅၀၀၀ နှုန်း၊ ဝက်သားတစ်ပိဿာလျှင်ငွေကျပ် ၂၆၀၀၀ နှုန်းနှင့်ဆိတ်သားတစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၀ နှုန်းဖြင့် သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်း(သာစည်)