ထားဝယ် ဇူလိုင် ၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့်နည်းပြဆရာ ဖြစ်သင်တန်းကို ဇူလိုင် ၆ ရက်မှ ၈ ရက်အထိ ထားဝယ်မြို့ မြို့တော်ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။
ထို့သို့ဖွင့်လှစ်သင်ကြားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက စမ်းသပ်မဲပေးပုံ၊ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင်မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက် ကိုင်တွယ်ပုံ၊ လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးပုံ၊ မဲရုံခင်းကျင်းပုံစသည့်တို့ကို ကြည့်ရှုအားပေးရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီး တာဝန်ခံ) ဦးကိုကိုလွင်က ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)