မုံရွာ ဇူလိုင် ၈
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးနှင့်ဆောင်းပါး ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၁၀ နာရီ ကကျင်းပရာ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီးဒေါက်တာစန်းစန်းအေး၊ ပါမောက္ခ (ဌာနမှူး) များ ကထိက၊ ဌာနမှူးများ၊ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယပါမောက္ခချုပ်ဆရာမကြီးဒေါက်တာစန်းစန်းအေးက ကျောင်းသားမောင်မယ် လူငယ်လေးများအနေဖြင့် အာဇာနည်စိတ်ဓါတ်ကိုအတုယူပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်သည့်စိတ်ဓါတ်များကိန်းအောင်းစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး၊ မုံရွာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာ သီတာထွန်းက (၇၈) နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့နှင့် ကျွန်ုပ်တို့တာဝန် ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့်၊ ဆရာမများ၊ ကျောင်းသား/သူများအား၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် "လေးစားချစ်ကြည် မြန်မာ့အာဇာနည်" စာစီစာကုံးခေါင်စဥ်ဖြင့်လည်းကောင်း" ပြန်ပြောင်းအမှတ်ရ ဆင်ခြင်စရာအာဇာနည်နေ့မှာ ဆောင်းပါးခေါင်းစဥ်များဖြင့် နည်းပြဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၆) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)