ဖျာပုံ ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖျာပုံခရိုင် စားသူရေးရာဦးစီးဌာန မှဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့များက ဇူလိုင်လ (၈)ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ်အတွင်းရှိစားသောက်ဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစားသုံးသူ ဘေးကင်းလုံခြုံမှုရှိစေရေး စားသောက်ဆိုင်များ လိုက်လံစစ်းဆေးရာတွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်း၊ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစည်သူထက်၊ ဖျာပုံပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းထွန်းဝင်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း ရောင်းချလျက်ရှိကြသော စားသောက်ဆိုင်းများအား ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစားများ ရောင်းချနိုင်ရန်၊ ကိုင်တွယ်ချက်ပြုတ်ရာတွင် သန့်ရှင်းသက်ရပ်မှုရှိစေရန်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုရှိစေရန် တို့အတွက် လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်