Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပေါင်းတည်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
May 30,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs ကဏ္ဍများမှ မွေးမြူရေးကဏ္ဍအတွက်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်တွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် တင်းနစ်အားကစားသမားများအား လှိုက်လှဲစွာဂုဏ်ပြုကြိုဆို
May 30,2023
၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်(အမျိုးသား/အမျိုးသမီး) တင်းနစ်ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆု၊ စုပေါင်းတံခွန်စိုက်ဆု ဆွတ်ခူးရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အမျိုးသား/အမျိုးသမီး တင်းနစ်အသင်း အားကစားသမားများအား ယမန်နေ့နေ့လယ်ပိုင်းက ရွှေမော်ဓောဘုရားလမ်း၊ ဟင်္သာတင်းနစ်ကွင်းရှေ့တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများမှ လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြု ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ ရေထွက်ပင်ရင်းမှ နွေရာသီရေခန်းခြောက်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ ရေထွက်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ် ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော် ၁၁၅ ပါးအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံပေး
May 30,2023
ပြည်ထောင်စုနယ်၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်များအား ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)အနော်ရထာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိ
May 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ခု ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်ရန် ယခုလ ၂၃ရက်နေ့ကစတင်ကာ သက်ဆိုင်ရာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းအတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ကျောင်းအကျိုးတော်ဆောင်ကော်မတီများ၊ ကျောင်းသားမိဘများက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မံစီမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေးကွင်းဆင်းဆောင်ရွက်၊ နေရပ်ပြန်အိမ်ထောင်စုများအား ထေ…
May 30,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြှင့်မားစေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၈ ရက် နံနက် ၈ နာရီက မံစီမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်မြှင့်မားစေရေးနှင့် နေရပ်သို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ ထောက် ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11323
Page
11324
Page
11325
Page
11326
Current page
11327
Page
11328
Page
11329
Page
11330
Page
11331
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department