တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့​ အခမ်းအနားကျင်းပ

တိုက်ကြီး မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)အနော်ရထာခန်းမ၌ ကျင်းပသည်။

ရှေးဉီးစွာ အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)မှ ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်းသား” သီချင်းကိုသံပြိုင်သီဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ပြီး  မြို့နယ်စီမံအုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်ကျော်စိုး၊ တာဝန်ခံခရိုင်ပညာရေးမှူးဒေါ်မြင့်မြင့်ဝင်းနှင့် မြို့နယ်ပညာရေးမှူးဉီးဌေးဌေးတို့က အမှာစကားပြောကြားသည်။ ဆက်လက်၍အလှူရှင်များက ပေးအပ်လှူဒါန်းသော စာရေးကိရိယာများကို မြို့နယ်စီမံအုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအားပေးအပ်ခဲ့ပြီး မြို့နယ်ကျောင်းအပ်နှံရေးကော်မတီအဖွဲ့ဝင် မိဘကိုယ်စားလှယ်တစ်ဉီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက်အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ​သည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဉီးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ တာဝန်ခံခရိုင်ပညာရေးမှူးဒေါ်မြင့်မြင့်ဝင်း၊ မြို့နယ်ပညာရေးမှူးဉီးဌေးဌေးနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ မြို့နယ်ကျောင်းအပ်နှံရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)