ဇေယျာသီရိ မေ ၃၀
ပြည်ထောင်စုနယ်၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်များအား ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်စိုးစိုးမော်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဆရာတော်သံဃာတော်များအား ရှင်းလင်းလျှောက်ထားကာ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်အပါး ၁၁၅ ပါးကို ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်၊၊
ထွန်းလင်း(ဇေယျာမြေ)