ကွမ်းခြံကုန်းမြို့နယ်၌ မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌  မြို့နယ်လုံးကျွတ်ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းက နိုင်ငံတော်အနေဖြင့် အရွယ်ရောက်သူကလေးတိုင်း KG+9 အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး စီစဉ်ချမှတ် ဆောင်ရွက်လျက်ရှိပြီအရွယ်ရောက်သူ ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်းကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ၊ ကျောင်းဝန်းကျောင်းပြင် သန့်ရှင်းရကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ ကလေးများကျောင်းသို့ရောက်အောင် ကူညီဆောင်ရွက်ပေးကြရန် တို့အားပြောကြားပြီး အ-ထ-က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဆင့်ကကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊အဖွဲ့ဝင်(၂) ဦးရဲတင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များကို ကျောင်းသား/ ကျောင်းသူများ ထံပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ကျောင်းဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့်   ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ ဆက်)