အမြို့မြို့အနယ်နယ်သတင်းများ

May 29,2023
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်၏တန်ဖိုးကို အလေးထားနားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကိုဖော်ဆောင်ပေးရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရှိ‎စေရန်၊ ရာသီဥတုကောင်းမွန်မျှတ၍ အပူဒဏ်ကာကွယ်ရန်ရည်ရွယ် ၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈နာရီက ကော့သောင်းမြို့  ရွှေပြည်စိုးကျေးရွာ၊ ခုနစ်မိုင်  ဂေါက်ကလပ်ကွင်းတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ စစ်ဗျူ ဟာမှူးစစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်း၊ကော့သောင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ‎၊  သစ်တောဦးစီးဌာနဝန်ထမ်းများ၊  NGO အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ရပ်/ကျေးပြည်သူများတက်ရောက်စိုက်ပျိုးခဲ့ကြသည်။
May 29,2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ အတည်ပြုပြီးဖြစ်သည့်   ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ၏၂၀၂၃-၂၀၂၄ ဘဏ္ဌာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေ ၂၉ ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
May 29,2023
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့ ရတနဃရသာသနဗိမာန်တော်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့ နံနက် ၉နာရီက ငါန်းဇွန် မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအတွက် အခြေခံဗုဒ္ဓ ဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲ အခမ်း အနား ကျင်းပခဲ့ကြောင်း သိရသည်။
May 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်တောင်သူများအား စျေးကွက်ဝင်၍ အရည်အသွေး ကောင်းမွန်သော ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ စဥ်ဆက်မပြတ် ထုတ်လုပ်ပြန့်ပွားနိုင်ရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ်တောင်သူများအား (RS) မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် (၉)နာရီ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 29,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်းတိုက်၌ သီတင်းသုံးခဲ့သည့် ဗန်းမော်ဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာရဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ၊ သက်တော် (၉၄) ၊ သိက္ခာတော် (၇၄) ဝါ အရတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွား၍ အနယ်နယ်အရပ်ရပ်မှ နေ့စဉ်ရဟန်းရှင် (၁၅၈) ပါးခန့်နှင့် လူပုဂ္ဂိုလ် (၁၂၇၂) ဦးခန့် လာရောက်ဖူးမြှော်သူများပြားလျက်ရှိကြောင်း သိရသည်။
May 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်သစ်တောဦးစီး ဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီခွဲအချိန်ကလပွတ္တာ-သင်္ဃန်းကြီးကားလမ်းအနီး မိုင်တိုင်အမှတ် (၁/၆) နေရာတွင်ကျင်းပခဲ့သည်။
May 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က မြင်းမူမြို့ အမှတ်(၁) အခြေခံပညာမူလတန်း ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။