မြို့သစ်မြို့နယ် သာသနာ့နုဂ္ဂဟရောင်ခြည်ဦး ဆွမ်းလောင်းအသင်း၏ (၁၂)နှစ်ပြည့်အထိမ်းအမှတ် နှစ်ပတ်လည်အစည်းအဝေးကျင်းပ

မြို့သစ် မေ ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်သာသနာ့နုဂ္ဂဟရောင်ခြည်ဦး ဆွမ်းလောင်းအသင်းကြီး၏ (၁၂)နှစ်ပြည့်အထိမ်းအမှတ် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆွမ်းကျွေးတရားတော်နာကြားခြင်းကို ယနေ့နံနက်(၈)နာရီက မြို့သစ်မြို့၊ မင်းရပ်ကွက်ရှိ သုခသမ္ပဒါလေသာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဆရာတော်သံဃာတော်ကြီးများနှင့် ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များက "နမောတသ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုစတင်ကာ မြို့နယ်သံဃာ့နာယက၊ ဥက္ကဋ္ဌဆရာတော်ဦပညာဇောတထံမှ သြကာသကန်တော့ကျိုးဖြင့် ကန်တော့၍ ငါးပါးသီလခံယူကာဆရာတော်ကြီး၏ သြဝါဒစကားများကို နာယူခဲ့ကြသည်။

ထို့နောက်သာသနာ့နုဂ္ဂဟရောင်ခြည်ဦး ဆွမ်းလောင်းအသင်းဥက္ကဋ္ဌ ဦးတင်မြင့်က နှစ်ပတ်လည်အစည်းအဝေးနှင့်ပတ်သက်၍ လျှောက်ထားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်ထက်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ သာသနာ့နုဂ္ဂဟရောင်ခြည်ဦးဆွမ်းလောင်းအသင်း၏ အတွင်းရေးမှူး ဦးတင်မောင်အေးက ၂၀၂၂/၂၀၂၃ အစီအရင်ခံစာနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ပြီး မြို့သစ်မြို့ဘုရားကြီးရပ်ကွက်၊ သရက်တော်ကျောင်းတိုက်၊ ဆရာတော်ဦးဇဝန(ဝါဆိုဦး)ထံမှ ပရိတ်တရားတော်နှင့် အနုမောဓနာတရားများနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချကာအမျှပေးဝေခဲ့ပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)