Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လယ်ဝေးမြို့နယ်တွင် သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံ
May 30,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား ယနေ့နံနက်ပိုင်းမှစ၍ အမှတ်(၅) ရပ်ကွက်၊ အင်တိုင်းသာဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 30,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူခရိုင်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
May 30,2023
မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၊ သီဟရာဇာကုန်း၌ ခရိုင်သစ်တောဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသရရှိရေးတို့ကို ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့၌ ရဟန်း၊ သံဃာတော်အပါး ၂၂၀ အား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး
May 30,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ရဟန်း၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက အောင်စည်သာပရိယတ္တိစာသင်တိုက်နှင့် ထူးကြီးပရိယတ္တိစာသင်တိုက်တို့၌ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ထရန်စဖော်မာများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး ဖြန့်ဖြူးပေးနိုင်တော့မည်
May 30,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရန်နှင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ပွင့်ဖြူမြို့၌ ယခင်တပ်ဆင်ထားရှိသော ၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ထရန်စဖော်မာနေရာတွင် ၂၀ အမ်ဗွီအေ ထရန်စဖော်မာနှင့် ပြောင်းလဲအစားထိုးတပ်ဆင်၍ ဓာတ်အားလိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး ဖြန့်ဖြူးပေးနိုင် တော့မည်ဖြစ်ကြောင်း အဆိုပါ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ကျင်းပသည့် ဂျူတီကုတ်/ ဦးဆောင်းအပ်နှင်းပွဲနှင့် မောင်မယ်…
May 30,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ကျင်းပသည့် အပတ်စဥ် (၂၈)သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်/ ဦးဆောင်းအပ်နှင်းပွဲနှင့် အပတ်စဉ်(၂၉)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစု ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်
May 30,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစု သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
11264
Page
11265
Page
11266
Page
11267
Current page
11268
Page
11269
Page
11270
Page
11271
Page
11272
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department