ဘိုကလေးမြို့နယ်တွင် ထုံးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဘိုကလေး ဇွန် ၁

၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါးစိုက်ဧက တစ်ဧကလျှင် စပါး(၁၀)တင်းနှုန်း အထွက်တိုးရေးအတွက် တောင်သူများအနေဖြင့် စိုက်ဧကများအတွင်း ထုံးထည့်သွင်းစိုက်ပျိုးနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ဓနုံးကျေးရွာရှိ တောင်သူဒေါ်ဌေးဌေး၏ ကွင်းအမှတ်(၇၀၈)၊ ဦးပိုင်အမှတ်(ခ/၁၂၃)မှ စိုက်ဧက(၁၄.၀၄)ဧက၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများနှင့်အတူ ထုံးထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ အား မေ(၃၁)ရက် နေ့လယ်(၂)နာရီ အချိန်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သရုပ်ပြပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့် ၊ ဖျာပုံခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး သရုပ်ပြပွဲအပြီးတွင် ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်က ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါးစိုက်ဧက တစ်ဧကလျှင် စပါး(၁၀)တင်းနှုန်း အထွက်တိုးရေးအတွက် လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)