လသာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ စတင်ပညာသင်ကြား

ရန်ကုန် ဇွန် 

၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို   ယနေ့ ၊ ဇွန် လ (၁)ရက်နေ့မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လသာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ  ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါအခြေခံပညာကျောင်းများဖွင့်လှစ်ရာ၌ မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများရှိ တာဝန်ခံကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ ကျောင်းသူမိဘများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍ လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်မှ မေလ(၃၁)ရက်နေ့အထိ သက်မှတ်ကာကျောင်းသား၊ ကျောင်းသူ များအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊  ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

လသာမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း()ကျောင်း၊ အခြေခံပညာအလယ် တန်းကျောင်း ()ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း()ကျောင်း၊ စုစုပေါင်း ()ကျောင်း စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

နီနီအောင် (ပြန်/ ဆက်)