ဇေယျာသီရိမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းသား/ သူ ၂၂၈၇၆ ဦး  တက်ရောက်ပညာသင်ကြား

ဇေယျာသီရိ ဇွန် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ   ယနေ့ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား/ သူ ၂၂၈၇၆ ဦး အေးချမ်း ပျော်ရွှင်စွာဖြင့် ကျောင်းစတင်တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်တွင် မေလ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ် နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံတော်မှ ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးခဲ့ပြီး ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်း ၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃ ကျောင်းတို့တွင် ကျောင်းသား/ သူ စုစုပေါင်း၂၂၈၇၆ ဦးတက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)